Blog Archive

Showing posts with label day trade. Show all posts
Showing posts with label day trade. Show all posts

Tuesday, July 1, 2025

 Day trading လုပ္တဲ့အခါ Support & resistance နဲ႔ Volume ကို နားလည္သေဘာေပါက္ဖို့ လိုပါတယ္ဗ်။


၁. Pre-market အျမင့္ဆုံးနဲ႔ အနိမ့္ဆုံးကို Horizontal line ဆြဲလိုက္ပါတယ္။


၂. Volume Weighted Average Price (VWAP) နဲ႔ 9EMA Indicator တြဲသုံးပါတယ္ဗ်။


၃. VWAP Line ရဲ့ အထက္မွာ Stock က သြားေနၿပီဆိုရင္ ေဈးတက္ဖို့ အလားအလာမ်ားပါတယ္ဗ်။ VWAP ေအာက္ကို ဆင္းသြားၿပီဆိုရင္ အေရာင္းမ်ားၿပီး ေဈးက်ဖို့ ျဖစ္လာမွာပါ။


၄. 9EMA က VWAP ကို ေက်ာ္သြားရင္ အဲနားမွာ Long Entry စဝင္ပါတယ္ဗ်။ 9EMA က VWAP ေအာက္ ဆင္းသြားရင္ Short Entry စဝင္ပါတယ္ဗ်။


၅. Volume ကို အျမဲၾကည့္ျဖစ္ပါတယ္။


၆. Pre-market အခ်ိန္မွာကတည္းက 9EMA က VWAP Line ရဲ့ ေအာက္မွာဆိုရင္ ေဈးက်ဖို့ လမ္းမ်ားေနပါၿပီ။ Short မယ့္ဘဲေတြ ဝင္လာေတာ့မယ္ဗ်။


Pre-market ရဲ့ အနိမ့္ဆုံး line ေအာက္ကိုလဲဆင္းတယ္၊ 9EMA က VWAP Line ရဲ့ ေအာက္မွာဆိုရင္ Stock price က အဝီဇိတြင္း တူးေတာ့မွာပါ။ အဲလိုအခ်ိန္ဆို price bottom ေရာက္တဲ့အထိ ေစာင့္ေလ့ရွိပါတယ္ဗ်။ (ဒါမွမဟုတ္) က်ေနာ္ လုံးဝလက္ေရွာင္သြားတာမ်ိဳးလဲ လုပ္ေလ့ရွိပါတယ္။


StochRSI လဲ တြဲသုံးပါတယ္၊ Oversold/Overbought သိခ်င္တာပါ။


ဒီေန႔ $VOR ကို ေလ့လာၾကည့္ရင္ Market ဖြင့္တာနဲ႔ သိပ္မၾကာဘူး၊ 9EMA က VWAP ကို ေက်ာ္သြားတယ္၊ StochRSI ကလဲ 20 ေအာက္ Oversold ျဖစ္တယ္၊ Entry ေျပးဝင္ထည့္လိုက္တာပါပဲ။


Day trading လုပ္တာက အေျပာလြယ္သေလာက္ ေလ့က်င့္မွု အမ်ားႀကီး လိုပါတယ္ဗ်။ Stock Ticker ေပးရင္ေတာင္ trade နိုင္တဲ့ skills မရွိရင္ ကုန္သြားပါလိမ့္မယ္ဗ်။


အေရးႀကီးဆုံးအခ်က္က Day trading လုပ္ခ်င္ရင္ နက္တိုင္နဲ႔ ဘဲေတြကို ေရွာင္ပါ။ အဲဘဲေတြကို ဆရာတင္မိရင္ေတာ့ ငါးပါးေမွာက္လိမ့္မယ္ဗ်။


ေနာက္ထပ္ Day trading အတြက္ အေသးစိတ္ ေဆာင္းပါးတပုဒ္ လာပါအုံးမယ္ဗ်။ 


သင္ဆရာ/ျမင္ဆရာမ်ားကို ဦးညႊတ္ကန္ေတာ့လ်က္


မင္းသုေအာင္


-------------------------------------------------


မည္သည့္ ဝန္ေဆာင္မွုမွ မေပးပါ၊ သင္တန္း မေပးပါ၊ ရင္းႏွီးျမႇုပ္ႏွံဖို့ ေငြေၾကး မေတာင္းခံပါ။ စေတာ့မားကက္ အေၾကာင္း ဗဟုသုတအျဖစ္ ေဝမၽွျခင္း ျဖစ္ပါသည္။ ျဖစ္ေပၚလာေသာ ဆုံးရွုံးနစ္နာမွုမ်ားအတြက္ မည္သည့္ တာဝန္မွ မယူပါ။ ေသခ်ာေလ့လာၿပီးမွ ေရာင္းဝယ္ေစခ်င္ပါသည္။ က်ေနာ္လည္း ေလ့လာေနဆဲ Stock Trader တဦးသာ ျဖစ္သည္။


-------------------------------------------------

Monday, June 30, 2025

Day trade

 Day trading လုပ်တဲ့အခါ Support & resistance နဲ့ Volume ကို နားလည်သဘောပေါက်ဖို့ လိုပါတယ်ဗျ။


၁. Pre-market အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကို Horizontal line ဆွဲလိုက်ပါတယ်။

၂. Volume Weighted Average Price (VWAP) နဲ့ 9EMA Indicator တွဲသုံးပါတယ်ဗျ။

၃. VWAP Line ရဲ့ အထက်မှာ Stock က သွားနေပြီဆိုရင် ဈေးတက်ဖို့ အလားအလာများပါတယ်ဗျ။ VWAP အောက်ကို ဆင်းသွားပြီဆိုရင် အရောင်းများပြီး ဈေးကျဖို့ ဖြစ်လာမှာပါ။

၄. 9EMA က VWAP ကို ကျော်သွားရင် အဲနားမှာ Long Entry စဝင်ပါတယ်ဗျ။ 9EMA က VWAP အောက် ဆင်းသွားရင် Short Entry စဝင်ပါတယ်ဗျ။

၅. Volume ကို အမြဲကြည့်ဖြစ်ပါတယ်။

၆. Pre-market အချိန်မှာကတည်းက 9EMA က VWAP Line ရဲ့ အောက်မှာဆိုရင် ဈေးကျဖို့ လမ်းများနေပါပြီ။ Short မယ့်ဘဲတွေ ဝင်လာတော့မယ်ဗျ။


Pre-market ရဲ့ အနိမ့်ဆုံး line အောက်ကိုလဲဆင်းတယ်၊ 9EMA က VWAP Line ရဲ့ အောက်မှာဆိုရင် Stock price က အဝီဇိတွင်း တူးတော့မှာပါ။ အဲလိုအချိန်ဆို price bottom ရောက်တဲ့အထိ စောင့်လေ့ရှိပါတယ်ဗျ။ (ဒါမှမဟုတ်) ကျနော် လုံးဝလက်ရှောင်သွားတာမျိုးလဲ လုပ်လေ့ရှိပါတယ်။


StochRSI လဲ တွဲသုံးပါတယ်၊ Oversold/Overbought သိချင်တာပါ။


ဒီနေ့ (Jun 30, 2025) $VOR ကို လေ့လာကြည့်ရင် Market ဖွင့်တာနဲ့ သိပ်မကြာဘူး၊ 9EMA က VWAP ကို ကျော်သွားတယ်၊ StochRSI ကလဲ 20 အောက် Oversold ဖြစ်တယ်၊ Entry ပြေးဝင်ထည့်လိုက်တာပါပဲ။


Day trading လုပ်တာက အပြောလွယ်သလောက် လေ့ကျင့်မှု အများကြီး လိုပါတယ်ဗျ။ Stock Ticker ပေးရင်တောင် trade နိုင်တဲ့ skills မရှိရင် ကုန်သွားပါလိမ့်မယ်ဗျ။


အရေးကြီးဆုံးအချက်က Day trading လုပ်ချင်ရင် နက်တိုင်နဲ့ ဘဲတွေကို ရှောင်ပါ။ အဲဘဲတွေကို ဆရာတင်မိရင်တော့ ငါးပါးမှောက်လိမ့်မယ်ဗျ။


နောက်ထပ် Day trading အတွက် အသေးစိတ် ဆောင်းပါးတပုဒ် လာပါအုံးမယ်ဗျ။ 


သင်ဆရာ/မြင်ဆရာများကို ဦးညွှတ်ကန်တော့လျက်


မင်းသုအောင်

-------------------------------------------------

မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။

-------------------------------------------------