Blog Archive

Monday, June 30, 2025

Day trade

 Day trading လုပ်တဲ့အခါ Support & resistance နဲ့ Volume ကို နားလည်သဘောပေါက်ဖို့ လိုပါတယ်ဗျ။


၁. Pre-market အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကို Horizontal line ဆွဲလိုက်ပါတယ်။

၂. Volume Weighted Average Price (VWAP) နဲ့ 9EMA Indicator တွဲသုံးပါတယ်ဗျ။

၃. VWAP Line ရဲ့ အထက်မှာ Stock က သွားနေပြီဆိုရင် ဈေးတက်ဖို့ အလားအလာများပါတယ်ဗျ။ VWAP အောက်ကို ဆင်းသွားပြီဆိုရင် အရောင်းများပြီး ဈေးကျဖို့ ဖြစ်လာမှာပါ။

၄. 9EMA က VWAP ကို ကျော်သွားရင် အဲနားမှာ Long Entry စဝင်ပါတယ်ဗျ။ 9EMA က VWAP အောက် ဆင်းသွားရင် Short Entry စဝင်ပါတယ်ဗျ။

၅. Volume ကို အမြဲကြည့်ဖြစ်ပါတယ်။

၆. Pre-market အချိန်မှာကတည်းက 9EMA က VWAP Line ရဲ့ အောက်မှာဆိုရင် ဈေးကျဖို့ လမ်းများနေပါပြီ။ Short မယ့်ဘဲတွေ ဝင်လာတော့မယ်ဗျ။


Pre-market ရဲ့ အနိမ့်ဆုံး line အောက်ကိုလဲဆင်းတယ်၊ 9EMA က VWAP Line ရဲ့ အောက်မှာဆိုရင် Stock price က အဝီဇိတွင်း တူးတော့မှာပါ။ အဲလိုအချိန်ဆို price bottom ရောက်တဲ့အထိ စောင့်လေ့ရှိပါတယ်ဗျ။ (ဒါမှမဟုတ်) ကျနော် လုံးဝလက်ရှောင်သွားတာမျိုးလဲ လုပ်လေ့ရှိပါတယ်။


StochRSI လဲ တွဲသုံးပါတယ်၊ Oversold/Overbought သိချင်တာပါ။


ဒီနေ့ (Jun 30, 2025) $VOR ကို လေ့လာကြည့်ရင် Market ဖွင့်တာနဲ့ သိပ်မကြာဘူး၊ 9EMA က VWAP ကို ကျော်သွားတယ်၊ StochRSI ကလဲ 20 အောက် Oversold ဖြစ်တယ်၊ Entry ပြေးဝင်ထည့်လိုက်တာပါပဲ။


Day trading လုပ်တာက အပြောလွယ်သလောက် လေ့ကျင့်မှု အများကြီး လိုပါတယ်ဗျ။ Stock Ticker ပေးရင်တောင် trade နိုင်တဲ့ skills မရှိရင် ကုန်သွားပါလိမ့်မယ်ဗျ။


အရေးကြီးဆုံးအချက်က Day trading လုပ်ချင်ရင် နက်တိုင်နဲ့ ဘဲတွေကို ရှောင်ပါ။ အဲဘဲတွေကို ဆရာတင်မိရင်တော့ ငါးပါးမှောက်လိမ့်မယ်ဗျ။


နောက်ထပ် Day trading အတွက် အသေးစိတ် ဆောင်းပါးတပုဒ် လာပါအုံးမယ်ဗျ။ 


သင်ဆရာ/မြင်ဆရာများကို ဦးညွှတ်ကန်တော့လျက်


မင်းသုအောင်

-------------------------------------------------

မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။

-------------------------------------------------

No comments:

Post a Comment