Blog Archive

Showing posts with label stock trading/investing သင်တန်းတွေ တက်သင့်သလား၊ by Min Thu Aung. Show all posts
Showing posts with label stock trading/investing သင်တန်းတွေ တက်သင့်သလား၊ by Min Thu Aung. Show all posts

Wednesday, October 1, 2025

stock trading/investing သင်တန်းတွေ တက်သင့်သလား၊

stock trading/investing သင်တန်းတွေ တက်သင့်သလား၊ ကျနော် မသိဘူး။ သင်တန်းတခုတိုင်းမှာ သူတို့ ဘာသင်ပေးလိုက်သလဲ၊ သင်ပေးတဲ့ဆရာကရော တကယ်တတ်သလား လေ့လာထားတဲ့ data ကျနော့်မှာ မရှိဘူးဗျ။ ဆိုတော့ ကောင်းလား/ဆိုးလား ကျနော် မပြောနိုင်ဘူးဗျ။ သင်တန်းတက်မယ်ဆိုရင်လဲ ဘာတွေသင်ပေးမှာလဲ၊ 

Review တွေ လိုက်ဖတ်ကြည့်ပေါ့၊ 

သင်တန်းတက်ဖူးတဲ့သူတွေကိုလဲ မေးကြည့်ပါ။

 ဒါပေမယ့် ကျနော် သိတာ တခုတော့ ရှိတယ်ဗျ။ 

သင်တန်းသွားတက်ပြီး တကယ် trade/invest မလုပ်ရင် အလကားပဲဗျ။

 ဒီနေ့ ကားမောင်းသင်၊ နောက်နေ့ Taxi ဆွဲစားမယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူးဗျ။ 

Stock trading ဆိုတာက သူများအပေါ်မှာ မမှီခိုရဘူး၊ 

ကိုယ့်အပေါ်မှာပဲ လုံးဝ တာဝန်ရှိတယ်ဗျ။ 

ငါ မြတ်တာ ဘယ်သူ့ကြောင့်၊ ငါ ရှုံးတာ ဘယ်သူ့ကြောင့်ဆိုတာ လုံးဝ ယုတ္တိမရှိပါဘူး။

 ကိုယ့်ရဲ့ ပိုက်ဆံ၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ မြတ်ရင် စံ၊ ရှုံးရင် ခံပါပဲ။ 

ကိုယ်က ဂိမ်းဆော့တဲ့သူမို့လား မသိဘူး၊

 Stock trade ရင် ဘယ်သူမှ  ဂရုမစိုက်ပါဘူး။ 

ဟိုလူကတော့ ဘယ်လောက်ချမ်းသာနေပြီ၊ 

တနေ့ ဘယ်လောက်ရတာကွ ဒါမျိုးတွေကို ကျနော် စိတ်မဝင်စားဘူး။

 Stock trading ကို နားလည်ချင်တယ်၊ 

ကိုယ်တိုင် trade/invest ကြည့်ချင်တယ်။ 

နောက်ဆုံး ကိုယ်ပိုင်နည်းဗျူဟာနဲ့ အောင်မြင်ချင်တယ်။ 

ကိုယ့်ထက် သူတို့က အများကြီးသာပါတယ်ဗျ၊ ဉာဏ်ပညာ၊ အတွေ့အကြုံ စသဖြင့်ပေါ့။ 

စိတ်မဝင်စားဘူးဆိုတဲ့နေရာမှာ သူတို့ရဲ့အောင်မြင်မှုကိုပဲ စိတ်မဝင်စားတာဗျ၊ 

ဒါပေမယ့် သူတို့ရဲ့ နည်းဗျူဟာကိုတော့ စိတ်ဝင်စားတယ်ဗျ။ 

တတ်နိုင်သမျှ လေ့လာပါတယ်။ 

ကိုယ် သဘောကျတာလေးတွေကို မှတ်သားထားပေါ့။ 

သူတို့ရဲ့ concepts ကို ယူပါ၊ လူတွေကို မယုံနဲ့ဗျ။ 

Stock Market မှာ လူလိမ်ပေါတယ်ဗျ၊

 ဟိတ်ကြီးဟန်ကြီးနဲ့ ကြွယ်နေကြတဲ့သူတွေ များပါတယ်။

 တကယ် ပိုက်ဆံရတာလဲ ဖြစ်ချင်ဖြစ်မယ်၊

 Photoshop နဲ့ ကြွယ်တာလဲ ဖြစ်ချင်ဖြစ်မယ်။ 

နောက်ဆုံး ကိုယ်ပိုင် software ရေးပြီး ကြွယ်တာလဲ ကြုံဖူးတယ်ဗျ။ 

ဆိုတော့ ဘယ်သူ့ကိုမှ မယုံပါနဲ့။ 

ကောင်းတဲ့သူလဲ ရှိသလို ဆိုးတဲ့သူလဲ ရှိတယ်ဗျ။ 

သူတို့လဲ သူတို့နည်းနဲ့ ပိုက်ဆံရဖို့ ကြိုးစားသလို ကျနော်လဲ ကျနော် ဖြစ်ချင်တဲ့ နည်းလမ်းနဲ့ ကြိုးစားမယ်ဗျာ။

Stock trading ဆိုတာက Risks ရှိတယ်ဗျ၊ 

ဆုံးရှုံးနိုင်သလို အမြတ်လဲ ရနိုင်တယ်ဗျ။

 ကားမောင်းသလိုပေါ့၊ 

ဒီနေရာမှာ အမြန်မောင်းလို့ အန္တရာယ်က လွတ်သွားတာ ဖြစ်နိုင်သလို၊ 

ဘာမှမလုပ်ပဲ ရပ်ပေးလိုက်တာလဲ အန္တရာယ်မဖြစ်ဘူးဆိုတာမျိုး ဖြစ်နိုင်တယ်‌ဗျ။ 

ကိုယ့်ရဲ့ speed ကိုယ် နိုင်တယ်ဆိုရင် ချသာချဗျို့။ 

ကိုယ့်ရဲ့ အရင်းအနှီး၊ trading ကို ဘယ်လောက် ကျွမ်းကျင်သလဲပေါ် မူတည်ပြီး ပိုက်ဆံက ရလာမှာပါ။ 

ဒါ့ကြောင့်လဲ ဆရာတွေက "Find your own trading strategy!" ဆိုပြီး တဖွဖွ ဆုံးမကြတာပါ။ 

သင်တန်းက ဆင်းလာရင်လဲ ကိုယ်ပိုင် နည်းဗျူဟာ ရချင်မှ ရမယ်ဗျ။ ဆရာ သင်ပေးတဲ့နည်းက ကိုယ်နဲ့ မသင့်တော်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျ။ 

"Risks come from not knowing what you doing." လို့ ဆရာတွေက ဆုံးမကြတယ်ဗျ။

သင်တန်းကြေး မပေးချင်ဘူး။ ကိုယ့်ဘာသာ လေ့လာမယ်ဆိုရင် investopedia.com က အကောင်းဆုံးပါပဲ၊ အခုနောက်ပိုင်း broker တွေကလဲ Education Section တွေ ထည့်လာတယ်ဗျ။

Technical Analysis

https://www.investopedia.com/technical-analysis-4689657

Adam Khoo

https://www.youtube.com/@AdamKhoo

Warrior Trading

https://www.youtube.com/@DaytradeWarrior

Day Trading Addict

https://www.youtube.com/@DayTradingAddict

Steven Dux

https://www.youtube.com/@stevendux

Timothy Sykes

https://www.youtube.com/@TimothySykesTrader