October 01, 2025
SPX Index ကို Call Option နဲ့ trade ဖြစ်ပါတယ်။
9 EMA + 21 EMA + VWAP + MACD + KST Indicator တွေ သုံးဖြစ်ပါတယ်။
Ross Cameron ရဲ့ Video ကို ပြန်နားထောင်ပြီး ဆရာသမားရဲ့ MACD Setting ပြန်ပြောင်း၊ VWAP + 9 EMA + 20 EMA + 200 EMA Indicator concept ကို ပြန်သုံးပြီး လုပ်ကြည့်ပါတယ်။
SPX က pre-market data မရှိတဲ့အတွက် MACD or KST Indicator တွေက တလွဲပြတတ်ပါတယ်ဗျ။ ဒါကို ဒီနေ့ ဈေးကွက်ဖွင့်တဲ့အချိန်မှာ တွေ့ရမှာပါ။
ဈေးကွက်ဖွင့်တာနဲ့ ဈေးကျပြီးသား (gap down) ဖြစ်ခဲ့ပါတယ်။ MACD နဲ့ KST Indicator တွေက downtrend ဖြစ်နေပါတယ်။ ဒါပေမယ့် support zone မှာ ဈေးစဖွင့်တဲ့အတွက် ပြန်တက်မယ်လို့ ထင်ခဲ့ပါတယ်ဗျ။ တကယ်ပဲ VWAP ပေါ် ဈေးပြန်တက်လာပြီး 200 EMA ကိုပါ ကျော်သွားပါတယ်ဗျ။ ဒါ့အပြင် 9 EMA ကို ကျော်ပြီး 20 EMA နားကို ရောက်သွားတဲ့အချိန်မှာ position ပိတ်ပစ်ခဲ့ပါတယ်။
200 EMA, 9 EMA, 20 EMA တွေကို resistance အနေနဲ့ သုံးသွားခဲ့တာပါ။ (၅) မိနစ်ပဲ trade ခဲ့ပါတယ်။
မင်းသုအောင်
-------------------------------------------------
မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။
-------------------------------------------------
No comments:
Post a Comment