Blog Archive

Tuesday, July 1, 2025

 July 01, 2025

$INMB - INmune Bio Inc.


ဒီနေ့ $INMB ကိုလဲ နည်းနည်း trade ဖြစ်ပါတယ်။


Pre-market ရဲ့ အမြင့်ဆုံးဈေး $2.23 Resistance line နဲ့ အနိမ့်ဆုံးဈေး $2 support line မှာ ရေပြင်ညီမျဉ်းတကြောင်းစီ ဆွဲလိုက်ပါတယ်။


Pre-market မှာကတည်းက 9EMA line က VWAP အောက်ကို ရောက်သွားပါပြီ။ ဆိုတော့ ဈေးကျမယ့် အထာပေါ့။


ဈေးကွက် စဖွင့်တာနဲ့ $2 support line အောက်ကို ကျသွားပါတယ်၊ ပြီးတော့ ပြန်တက်လာပါတယ်ဗျ၊ support line နားမှာ Double Bottom ပေါ်လာတော့ ဝယ်ဖြစ်သွားပါတယ်၊ 9EMA က VWAP ကို ကျော်သွားတော့ $2.1 လောက်မှာ ရောင်းပစ်လိုက်ပါတယ်ဗျ။


နောက်တခါ ပြန်ကျပြီး VWAP အောက်နားလေးမှာ Double bottom ပေါ်လာပြန်ပါတယ်၊ နောက်တကျော့ ထပ်ဝင်ပြီး $2.15 လောက်မှာ ရောင်းထုတ်ပစ်လိုက်တယ်ဗျ။


Pre-market ရဲ့ အမြင့်ဆုံးဈေး $2.23 Resistance line ကို မကျော်တဲ့အတွက် လစ်ပြီဗျို့။


မင်းသုအောင်


-------------------------------------------------


မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။


-------------------------------------------------

No comments:

Post a Comment